သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီ အချိန်တွင် စားသုံးသူရေး ရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲများဖြင့်ပူးပေါင်း၍ ပြည်တွင်းစားဆန်စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေးနှင့် ပြည်တွင်းထုတ်စားသုံးဆီများတွင် ရောနှောဆီများ၊ FDA ထောက်ခံ ချက်များ ပါရှိမှု ရှိ/မရှိ မြောက်ဒဂုံမြို့နယ်အတွ

စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၂၆.၂.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် ပူးပေါင်း၍ သာကေတမြို့နယ်၊ အမှတ်(၂) ဈေးအတွင်းရှိ ကုန်မျိုးစုံနှင့် အလှကုန်ပစ္စည်းများ ရောင်းချ လျက်ရှိသော စတိုးဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ နံနက်(၁၀း၃၀)နာရီ အချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးမှ ဝန်ထမ်းများက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အွန်လိုင်းစနစ်နှင့် အဝတ်အထည်၊ အလှကုန်ပစ္စည်း ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်သည့် လုပ်ငန်းရှင်အား အွန်လိုင်းမှတ်ပုံတင် လျှောက်ထား ရာတွင် လိုအပ်သည့်အချက်များနှင့် စားသုံးသူကာကွယ် ရေးဥပဒေအကြောင်း သိကောင်းစရာများကို ဒေါပုံမြို့နယ်အတွင်း အွန်လိုင်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ

၂၆.၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဆိုင်ရာ သင်တန်းဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား (၁၀) ဦး၊ သင်တန်းနည်းပြ (၃) ဦးဖြင့် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၆.၂.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ သာကေတမြို့နယ်၊ မာန်ပြေရပ်ကွက်အတွင်းရှိ ဆေးပစ္စည်းများရောင်းချလျက်ရှိသော ဆေးဆိုင်များတွင် ဆေးပစ္စည်းပြတ်လပ်မှုနှင့် ဈေးနှုန်းများမြင့်တင် ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
