သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင် ဦးစီးမှူးနှင့်ဝန်ထမ်း(၃)ဦးတို့သည် “ခရိုင်ဆန်သိုလှောင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုများစိစစ်ရေးလုပ်ငန်းအဖွဲ့”မှ အဖွဲ့ဝင်များဖြစ်သော ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ၂၆ ရက်နေ့နံနက်(၁၀း၃၀)နာရီအချိန်တွင် စစ်ကိုင်းမြို့မဈေး အတွင်းရှိ ဆန်အရောင်းဆိုင်များဖြစ်သော မြမြင့်မိုရ်နှင့် ဘုရင်

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်း နှင့်ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည်၊ မြို့နယ်စည်ပင်သာယာရေးနှင့်ပူးပေါင်း၍ ကန့်ဘလူမြို့“မြို့မဈေး”ရှိ စားအုန်းဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ ဦးဆောင်၍ “ခရိုင်ဆန်သိုလှောင်ဈေးနှုန်း မြှင့်တင်ရောင်းချမှုများ စိစစ်ရေးလုပ်ငန်း အဖွဲ့များ”နှင့် ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို စစ်ဆေးပြီး

ရှမ်းပြည်နယ်(တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ နံနက်(၁၁:၃၀) နာရီချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ လက်လီ/ လက်ကားရောင်းချနေသော ဆေးဆိုင်များ ဆေးနှင့်ဆေးဝါးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးနှင့် ဆေးပစ္စည်းများပြတ်လပ်မှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်းဆေးခဲ့ကြောင်း သိရှိရပါသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ နံနက်(၉:၃၀)နာရီချိန်တွင် ရှမ်းပြည်နယ်အတွင်းရှိ စားသုံးသူ ပြည်သူများအနေဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် စားဝတ်နေရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးမြင့်မားမှု မရှိစေရေးအတွက် ပြည်နယ်အတွင်းမှ ထုတ်လုပ်သောကြက်ဉများအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့် စားသုံးသူပြည်သူများထံသို့ရောင်းချပေးရန် ရှမ်းပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့ ဉက္ကဌမှ လမ်းညွှန်
