သတင်းနှင့် လှုပ်ရှားမှုများ
(၄.၂.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၌ မအူပင်ခရိုင် ဆီလုပ်ငန်းရှင်များအသင်းနှင့် ဆီကုန်သည်များနှင့် မအူပင် စားသုံးဆီ လက်လီ/လက်ကား အရောင်းဆိုင် (၂၅)ဦးအား စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် ဖိတ်ကြားတွေ့ဆုံ၍ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးမှ အသိပညာပေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဧရာဝတီတိုင်ဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့၊ ၁၇ရပ်ကွက်၊ ၆လမ်း “မြို့သစ်” မုန့်ဟင်းခါးဖို လုပ်ငန်းသို့ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၃.၃.၂၀၂၅)ရက်နေ့ နံနက် (၁၁း၀၀)တွင် သွားရောက်၍ ဈေးကွက်မရောက်မီ ကုန်စည်များကို ကွင်းဆင်းစိစစ်ခဲ့ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် (၃.၃.၂၀၂၅) ရက်နေ့တွင် ရေလဲကလေး၊ ရွှေတောင်မှော်ကျေးရွာရှိ ဦးကြည်ဝင်း၏ ဆီကြိတ်ခွဲထုတ်လုပ်နေမှု ဆီစက်လုပ်ငန်းသို့ (၁၀:၀၀) နာရီအချိန်တွင် သွားရောက်၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်အတူ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အသင့်စားမုန့် ကိတ်မုန့်လုပ်ငန်းများအား ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာပါရှိစေရေးအတွက် (၂၁.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၃၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မင်းဘူးမြို့၊ အမှတ်(၄) ရပ်ကွက်ရှိ အောင်မြင်သူ ကိတ်မုန့်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ အသင့်စားမုန့် ကိတ်မုန့် လုပ်ငန်းအား (၂၀.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းပြီး ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသား ပြည့်စုံမှန်ကန်စွာပါရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
