
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃) ဦးတို့သည် စစ်ကိုင်းခရိုင် စားသုံးဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့်အတူ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မန္တလေးမြို့ရှိ Mandalay Global Network Distribution ကုမ္ပဏီမှ ခွဲတမ်းရရှိသော စစ်ကိုင်းမြိုပေါ်ရှိ စားအုန်းဆီအရောင်းဆိုင် (၂ ) ဆိုင်ဖြစ်သော ဖြိုးဆီဆိုင်နှင့် သစ္စာဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဖြိုးဆီဆိုင်နှင့် သစ္စာဆီဆိုင် များအနေဖြင့် သတ်မှတ်ပေးထားသည့် ရည်ညွှန်းဈေး စားအုန်းဆီ တစ်ပိဿာ (၆၉၀ဝိ/-) ဖြင့်ဖြိုးဆီဆိုင်မှသောတာပန်တိုက်နယ်နှင့် သစ္စာဆီဆိုင်မှ ဒါးဝယ်ဈေးတိုက်နယ်များသို့ စာအုပ်စနစ်ဖြင့်ရောင်းချကြောင်း၊နေ့အလိုက်သတ်မှတ်ပေးထားသော ဗီနိုင်းလ်များနှင့် မှန်(၆)မှန်(စာရင်းမှန်၊ နေရာမှန်၊ အချိန်မှန်၊ဈေးနှုန်းမှန်၊အရေအတွက်မှန်၊အချိန်အတွယ်နှင့် အရည်အသွေးမှန်) ဗီနိုင်းများ ချိတ်ဆွဲထားကြောင်း တွေ့ရှိရပြီး သတ်မှတ်ထားသောရည်ညွှန်းဈေး ထက်ဈေးမြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ တရားစွဲဆိုမည်ဖြစ်ကြောင်း၊ ပြည်သူစားအုန်းဆီ (၂%) နှင့် စက်မှုလုပ်ငန်းသုံးစားအုန်းဆီ များအား ခွဲခြားပြီး ဖြန့်ဖြူးရန်နှင့် မြင်သာသော ဗီနိုင်းလ်များ ချိတ်ဆွဲ၍ ရောင်းချမည့် ဈေးနှုန်းများ ချိတ်ဆွဲထားရန်၊ အစိုးရဌာနများက မေးမြန်းမှုရှိသောအခါ ဂဃနဏ ရှင်းပြနိုင်ရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
