Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
05 Mar 2025

           ၄.၃.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် မော်လမြိုင်မြို့နယ်၊ ပွဲရုံနှင့် အောက်လမ်းမကြီးရှိ ဆန်သိုလှောင်ရုံနှင့် ဆန်ဆိုင်ကြီးများတွင် ဆန်များရောနှောရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

05 Mar 2025

            ၃.၃.၂၀၂၅ ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်အတွင်းရှိ အစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက် သက်တမ်းကုန်ဆုံးလျက်ရှိသော သောက်ရေသန့် အလုပ်ရုံ၊စက်ရုံများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင

05 Mar 2025

           ၃.၃.၂၀၂၅ ရက်နေ့ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ အမှတ် (၂) မြို့မဈေးရှိ ကုန်စုံများတွင် ရောင်းချနေသော ယိုမျိုးစုံအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

05 Mar 2025

          ၄.၃.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်း၊ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် Good day အမှတ်တံဆိပ် သောက်ရေသန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ် အသားဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

05 Mar 2025

             မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် တိုင်းဒေသကြီး ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် စားသုံးသူများ စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာစေရေး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပြဌာန်းချက်ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာထည့်သွင်း ဖော်ပြလာခြင်းဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ဈေးကွက်များ ပိုမိုရရှိစေရန်ရည်ရွယ်၍ လုပ်ငန်းရှင်တွေ့ဆုံခြင်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိပါသည်။

Pages