သတင်းနှင့် လှုပ်ရှားမှုများ
၂၆.၂.၂၀၂၅ ရက်နေ့ နံနက် (၉:၁၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် အွန်လိုင်းမှတ်ပုံတင်လျှောက်ထားသည့် တိုက်(အေ)၊ အခန်း(၁၀၅)၊ အောင်ဇေယျလမ်း၊ ကမ်းနားအလယ်ရပ်ကွက်တွင် ရောင်းချလျက်ရှိသည့် စားသောက်ကုန် လုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

၂၈.၂.၂၀၂၅ ရက်နေ့ နံနက် (၁၁:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့အကြို စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများပြပွဲ ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်ခဲ့ပါသည်။

(၂၈.၂.၂၀၂၅)ရက်နေ့ (၁၃:၀၀)အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နယ်မြေ Air Cargo Terminal အစည်းအဝေးခန်းမ၌ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ (၁/၂၀၂၅)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေး တွင် အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ သတင်းရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့၊ လေကြောင်းပို့ဆောင်ရေး၊ ကုန်

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးကျော်ခိုင်နှင့် ဝန်ထမ်းများသည် ၄.၃.၂၀၂၅ ရက်နေ့တွင် မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ ဇ-၂၃၊ ပိတောက်လမ်းရှိ စုစံဆန်ပွဲရုံ နှင့် ဇ-၂၅၊ ပိတောက်လမ်းရှိ အောင်စင်္ကြာဆန်ပွဲရုံတို့အား (၁၀:၀၀) အချိန်တွင် ဘုရင့်နောင်ဈေးစည်ပင်မှ ဦးနန္ဒအောင်နှင့် အမှတ်(၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ဦးကျော်မင်းနိုင်နှင့် ပူးပေါင်းပြီး ဆန်ရောင်းချမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေး အသိပညာပေး မှုများအား ဆောင်ရွ

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်း (၂) ဦးတို့သည် မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ မြဂန္ဓမာဈေးမှ ဈေးတာဝန်ခံနှင့် လှိုင်မြို့နယ်၊ လှိုင်ရတနာဈေးနှင့် အုတ်ကျင်းဈေးတို့မှ ဈေးတာဝန်ခံတို့နှင့်ပူးပေါင်းပြိး ဆီရောင်းချမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးအသိပညာပေးမှုအား ၂၅.၂.၂၀၂၅ ရက်နေ့တွင်သွားရောက်၍ ကွင်းဆင်းအသိပညာ ပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
