Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
28 Oct 2024

            စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ရုံးမှ ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းသည် (၂၂.၁၀.၂၀၂၄) ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ Talk Show အစီအစဉ်ကိုဆောင်ရွက်ခဲ့ပါသည်။

28 Oct 2024

            စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၂၁.၁၀.၂၀၂၄) ရက်နေ့ နေ့လယ်(၁၃:၂၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ ကံဦးကျေးရွာရှိ ကျေးရွာစာကြည့်တိုက်၌ မုန့်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

28 Oct 2024

      စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၂၁.၁၀.၂၀၂၄) ရက်နေ့နံနက်(၁၁:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန(Community  Centre)ခန်းမ၌ တရားမဝင်ကုန်သွယ်မှု၏ အဓိပ္ပာယ်အကြောင်း သိကောင်းစရာများ အသိပညာပေးခြင်း Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

28 Oct 2024

            စားသုံးသူရေးရာဦးစီးဌာန၊ကြံခင်းမြို့နယ်တာဝန်ခံသည် (၂၁.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

28 Oct 2024

           စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တာဝန်ခံနှင့် ဒု-ဦးစီးမှူးတို့သည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၂၂) ရက်၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ဇလွန်မြို့၊ ညောင်ပင်ဈေးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ “စေတနာမွန်” ဆန်စက်သို့ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

Pages