Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
06 Mar 2025

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲ တာဝန်ခံဒေါ်တင်တင်ဌေးသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက် နံနက်(၁၀:၀၀)အချိန်တွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့်ပူးပေါင်း၍ တိုက်ကြီးမြို့မဈေးအတွင်း စားအုန်းဆီ အရောင်း ဆိုင်များသို့ ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

06 Mar 2025

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲ တာဝန်ခံ ဒေါ်တင်တင်ဌေးသည် ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၇ ရက် နံနက်(၉:၀၀)အချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြို့မဈေးအတွင်းရှိ ဆန်ဆိုင်များအား မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် MRF မှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းအပေါ်မြှင့်တင်ရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

06 Mar 2025

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့ သည် ၂၆.၂.၂၀၂၅ ရက် နေ့ နေ့လည်(၁၃:၀၀)အချိန်တွင် အမှတ်(၄၇/ခ)၊ တေးဥယျာဉ်(၁၇)လမ်း၊ (၇) ရပ်ကွက်၊ လှိုင်သာယာမြို့နယ်ရှိ Chan Lay အမည်ဖြင့် အွန်လိုင်းမှတ်ပုံတင်ထားသော အလှကုန် ပစ္စည်းများလုပ်ငန်းကို မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

06 Mar 2025

၂၆.၂.၂၀၂၅ ရက် နေ့ နေ့လည်(၁၂:၂၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် လှိုင်သာယာမြို့နယ်၊ FMI City ဝင်းအတွင်းရှိ အိမ်ခြံ မြေရင်းနှီးမြှုပ်နှံမှုအွန်လိုင်း လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

06 Mar 2025

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့ သည် ၂၇.၂.၂၀၂၅ ရက် နေ့ နံနက်(၁၀:၀၀)အချိန်တွင် အမှတ်(၁၀၀)၊ မြကန်သာလမ်း၊ စော်ဘွားကြီး ကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ K Properties အိမ်ခြံမြေ အွန်လိုင်းလုပ်ငန်းအား မြေပြင်ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

Pages