သတင်းနှင့် လှုပ်ရှားမှုများ
တွံတေးမြို့နယ် ၊ မတ်လ (၅) ရက်
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် စည်ပင်သာယာဈေး အတွင်း/ အပြင်ရှိ ဆန်ဆိုင်များတွင် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း စသည့်ဆန်ချောများတွင် ဆန်ကြမ်းများ ရောနှောရောင်းချခြင်းရှိ/မရှိကို မတ်လ (၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရသည်။

ခရမ်းမြို့နယ်၊ မတ်လ (၅) ရက်
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ယခုဆောင်းသီးနှံစိုက်ပျိုးရာသီ တွင် ပဲမျိုးစုံ (၁၀၅၀၉၉)ဧက စိုက်ပျိုးခဲ့ပြီး စောလျင်စွာ စိုက်ပျိုးခဲ့သည့် ပဲစိုက်ခင်းများကို ဖေဖော်ဝါရီလမှ စတင်ခူးဆွတ်လျက်ရှိရာ လက်ရှိအချိန်ထိ ပဲမျိုးစုံ (၆၀၄၆၁)ဧက ခူးဆွတ်ပြီးစီး သွားပြီးဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ လုံခြုံစိတ်ချရမှုရှိစေရန်၊ လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ ဈေးကွက်အတွင်းသို့ မရောက်ရှိစေရန်နှင့် ဈေးကွက်အတွင်းမှ ပပျောက်သွားစေရန် စသည့်ရည်ရွယ်ချက်၍ ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ အလှကုန်နှင့် လူသုံးကုန်များကို (၄.၂.၂၀၂၅) ရက်နေ့တွင် နံနက် (၁၀း၀

၄-၃-၂၀၂၅ ရက်နေ့ နံနက် (၁၁း၀၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဝင်များနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ စားအုန်းဆီလက်လီရောင်းချသောဆိုင် (၁၀)ဆိုင်အား ကွင်းဆင်းဈေးကွက်စောင့်ကြည့် စစ်ဆေးမှုကိုဆောင်ရွက်ခဲ့ပါသည်။

ကော့မှူးမြို့နယ်၊ မတ်လ (၅) ရက်
