Main menu

မုံရွာမြို့ပေါ်ရှိ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းများအား ဝန်ဆောင်မှုကဏ္ဍနှင့်ပတ်သက်၍ ဦးစားပေးဈေးကွက်စောင့်ကြည့်ခြင်း

Powered by Drupal

             စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့ပေါ်ရှိ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းများသို့( ၂၆.၁.၂၀၂၆ )ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာ မြို့နယ်တာဝန်ခံ၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဦးစီးဌာန၊ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီတို့နှင့် ပူးပေါင်း၍ သယ်ယူပို့ဆောင်‌ရေးယာဉ် လိုင်းများဖြစ်သည့် ထွန်းရတနာ၊ နယူးရွှေမြန်မာ၊ ရတနာပုံ၊ မြန်မာပြည်ဂျိမ်းဖော၊ ကချင်မန္တလာ စသည့် မော်တော်ယာဉ်လိုင်း(၅)ခုအား ဝန်ဆောင်မှုကဏ္ဍနှင့်ပတ်သက်၍ ဦးစားပေးဈေးကွက်စောင့်ကြည့် ဆောင်ရွက်ခဲ့ပါသည်။

               ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ခရီးသွားဝန်ဆောင်မှုသည် ခရီးသည်နှင့် ကုန်ပစ္စည်းတန်ဆာ များကို စားသုံးသူများ၏ လိုအင်ဆန္ဒနှင့်အညီ လုံခြုံချောမွေစွာဖြင့် ပို့ဆောင်ပေးနေသည့် ပို့ဆောင်ရေး ကဏ္ဍသည် အထူးအရေးပါသည့်အတွက် ခရီးသည်များ၏ကုန်စည်တန်ဆာများအား သတ်မှတ်နေရာများ သို့ လုံခြုံစိတ်ချစွာဖြင့် ပို့ဆောင်ပေးရန်လိုပါကြောင်း၊ စားသုံးသူများနှင့် သဘောတူညီထားသည့် တန်ဖိုးနှင့် အညီ‌ဆောင်ရွက်စေလိုပါကြောင်းနှင့် ခရီးသည်များ၏လိုရာခရီးသို့လည်း သဘောတူညီသည့်အတိုင်း ပို့ဆောင်ပေးစေလိုပါကြောင်း၊ စားသုံးသူနစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်ပါက ဖြစ်သင့်ဖြစ်ထိုက်သော ကုစားခွင့် များကို ပေးစေလိုပါကြောင်းနှင့် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ လုပ်ငန်းရှင်၏ တာဝန်များအား သိရှိစေရန် ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)