Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
06 Mar 2025

            စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် တာဝန်ခံရုံးတွင်  ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး (၁၈)ဦးအား  ဌာနဆိုင်ရာလုပ်ငန်းစဉ်းများနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။

06 Mar 2025

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်မင်းစိုးနှင့် ဝန်ထမ်းများသည် (၄-၃-၂၀၂၅) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ဓနုဖြူမြို့နယ်ဦးစီးမှူးရုံး၊ အစည်းဝေးခန်းမတွင် ကုန်မျိုးစုံရောင်းချသူလုပ်ငန်းရှင်(၁၀)ဦးအားတွေ့ဆုံ၍ စားသုံးသူကာကွယ်ပေးရေးအသိပညာပေးဟောပြောခဲ့ကြပါသည်။

06 Mar 2025

            စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည်(၄.၃.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ လေးမျက်နှာမြို့ပေါ်ရပ်ကွက်ရှိ စားအုန်းဆီရောင်းချနေသောဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

06 Mar 2025

            စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၃.၃.၂၀၂၅) ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် ဇလွန်မြို့နယ်၊ ပုပ္ပါးလမ်း၊ လမ်းမတော်(မ)ရပ်ကွက်ရှိ မီးသတ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် မီးသတ်ဦးစီးဌာနရှိ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား  စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

06 Mar 2025

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံး မှ ဝန်ထမ်းများသည် ၃.၃.၂၀၂၅ ရက်နေ့၊ နေ့လည်(၁၂:၀၀)အချိန်တွင် ပူးပေါင်းအဖွဲ့များနှင့်အတူ မှော်ဘီမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

Pages