Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
29 Oct 2024

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ရန်ကုန်-ပုသိမ် ကားလမ်းဘေးရှိ  UAPPT ဆားမလောက် (စုပေါင်းလယ်ယာဆန်စက်) ဖြူစင်သန့်ဆန်စက်၊ သရဖူဆန်စက်၊ ဆွေသဟာဆန်စက်၊ ခွန်အားဆန်စက်၊ ဧရာဝတီဆန်စက်တို့မှ သိုလှောင်ထားသောဆန်/ ဆန်ကွဲ တန် (၄၆၈)၊ (၅၂၀)၊ (၅၄၀)၊ (၂၆၀)၊ (၅၂၃) Group A မြေပြင်သိုလှောင်မှုအခြေအနေများကို အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

29 Oct 2024

        အောက်တိုဘာလ ၂၃ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်တာဝန်ခံသည်  စာတဲလမ်းနှင့် မြို့မတဲကြီးကုန်းလမ်းရှိ ကုန်မျိုးစုံဆိုင်နှင့် စတိုးဆိုင်များတွင်ရောင်းချသော အသင့်စားစည်သွပ်ဘူးများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

29 Oct 2024

       စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၂၂-၁၀-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အွန်လိုင်းမှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်းနှင့်စပ်လျဉ်း၍ Talk Show အစီအစဉ်ဆောင်ရွက်ခဲ့ပါသည်။

29 Oct 2024

      စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများဦးဆောင်၍ “ခရိုင်ဆန်သိုလှောင်ဈေးနှုန်း မြှင့်တင်ရောင်းချမှုများ စိစစ်ရေးလုပ်ငန်းအဖွဲ့များ”နှင့် ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို စစ်ဆေးပြီး ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်လျက်ရာ (၁၈.၉.၂၀၂၄) ရက်နေ့တွင်  မုံရွာမြို့နယ်အတွင်းရှိ “သိန်းထွန်း၊ ဦးရွှေ၊ ရွှေပြည်ဟိန်း၊ ” ဆန်အရောင်း ဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

29 Oct 2024

        စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၂၂) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် မြန်အောင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ပရိက္ခရာလမ်းရှိ“ကြံခင်းမုန့်တိုက်” သို့ SMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ ပါသည်။

Pages