Main menu

မြင်းခြံခရိုင်တွင် Talk Showအစီအစဉ် ဆောင်ရွက်ခြင်း

Powered by Drupal

         မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သူဇာမိုး(ဒုဦးစီးမှူး)သည် မြင်းခြံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၁-၁-၂၀၂၆ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် Onlineရောင်းဝယ်ခြင်းအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ ခေါင်းစဉ်ဖြင့် Talk Show အစီအစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

            ဟောပြောဆွေးနွေးရာတွင် Onlineရောင်းချခြင်းဆိုသည်မှာ ကုန်စည်နှင့်ဝန်ဆောင်မှုကို Onlineမှတဆင့် ဝန်ဆောင်မှုပေး၍ ရောင်းချသည့်လုပ်ငန်းဖြစ်ကြောင်း၊ Onlineရောင်းဝယ်ခြင်း၏ အားသာချက်၊ အားနည်းချက်များ၊ Onlineမှ ရောင်းချသည့် ကုန်စည်၊ ဝန်ဆောင်မှုများကို ဝယ်ယူခြင်းနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုများမဖြစ်အောင် ကြိုတင်စိစစ်ဆောင်ရွက်သင့်သည့် အချက်အလက်နှင့် လုပ်ငန်းစဉ်များ၊ မှတ်ပုံတင်ထားသည့် Online ရောင်းချမှုများကိုသာ ယုံကြည်စိတ်ချစွာ ဝယ်ယူသင့်သည့်အခြေအနေများ၊ ဝယ်ယူပြီးနောက် ဖြစ်ပေါ်လာသည့် စားသုံးသူနစ်နာဆုံးရှုံးမှုများနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ တိုင်ကြားရမည့် နေရာဌာနများ၊ တိုင်ကြားရမည့်နည်းလမ်းများစသည့် စားသုံးသူပြည်သူများအနေဖြင့် Onlineရောင်းဝယ် ခြင်းနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများမဖြစ်ပေါ်စေရန် သိသင့်သိထိုက်သည့် အချက်များအား အကျယ်တဝင့် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)