Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
18 Feb 2025

           စားသုံးသူရောရာဦးစီးဌာနမှ ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် မြို့မဈေးရှိ ကုန်စုံဆိုင်များမှ စားအုန်းဆီများ ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ကြောင်းသိရသည်။

18 Feb 2025

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ရေကြည်မြို့နယ် တာဝန်ခံ ဦးအေးမင်းလတ် နှင့် ဝန်ထမ်းများသည် (၁၇.၂.၂၀၂၅)ရက်နေ့ နေ့လယ်(၀၂:၃၀) နာရီအချိန်တွင် ရေကြည်မြို့နယ် အ.ထ.က မြို့မကျောင်းတော်ဝင်ခန်းမတွင် စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့်နည်းပြသင်တန်းတွင် ဆရာ/ဆရာမများအား စားသုံးသူအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်းသိရသည်။

18 Feb 2025

             (၁၇.၂.၂၀၂၅)ရက်နေ့တွင် ကန်ကြီးထောင့် အ.ထ.က စိုက်ပျိုးမွေးမြူရေးကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၅၂) ဦးအား စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်မှ စစ်ဆေးရေးအရာရှိ  ဦးမြင့်နိုင်ထွန်းဦးဆောင်၍ ကန်ကြီးထောင့်မြို့နယ်  အ.ထ.က စိုက်/မွေးကျောင်းတွင် တွေ့ဆုံပြီး အွန်လိုင်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊အွန်လိုင်း ရောင်းချခြင်းဆိုင်ရာ ကိစ္စရပ်များအားအသိပညာပေးဟောပြောခဲ့ပါသည်။

18 Feb 2025

           Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား ၂၁.၇.၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ Online Sale မှတ်ပုံတင်လက်မှတ်လျှောက်ထားလာမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေး၍ လျှောက်ထားသည့်အချက်အလက်များနှင့် မြေပြင်တွင် အမှန်တကယ် ကိုက်ညီမှုရှိမှသာလျှင် မှတ်ပုံတင်လက်မှတ် ထုတ်ပေးမည်ဖြစ်ကြောင်းသိရသည်။

18 Feb 2025

            ဘရူနိုင်းနိုင်ငံ စီးပွားရေးစီမံကိန်းနှင့် စာရင်းအင်းဌာန (DEPS) အနေဖြင့် ကျင့်ဝတ် သိက္ခာရှိသော အရောင်းနှင့် မြှင့်တင်ရေးအလေ့အကျင့်များ၏ အရေးပါမှုကို မီးမောင်းထိုးပြနိုင်ရေး ပူးပေါင်းဆောင်ရွက်ချက်စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့သည်။ ထို ပူးပေါင်းလုပ်ဆောင်မှု Brunei Salebration 2025 (BSb 2025) တွင် ပါဝင်သူများအား စားသုံးသူအခွင့်အရေးများကို ကာကွယ်နိုင်ရေးနှင့် စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများအကြား ယုံကြည်မှုကို မြှင့်တင်ပေးနိုင်ရေးအတွက် ရှင်းလင်း၍ ပွင့်လင်းမြင်သာမ

Pages