သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမျိုးဝင်းနိုင် ဦးဆောင်၍ စားသုံး/ထုတ်လုံဌာနခွဲမှ ဝန်ထမ်းများသည် (၁၈-၂-၂၀၂၅) ရက် ၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် ဘားအံမြို့ရှိ အမှတ်(၁)ရပ်ကွက် ရေပေါ်ဈေးတွင် ရောင်းချနေသော စားသောက်ကုန်များကို ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက် အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် မိတ် ဖက်ဌာနများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူပူးပေါင်း၍ ထားဝယ်မြို့၊ စည်ပင်သာယာစျေးကြီးအတွင်းရှိ အလှကုန်အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ် ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် စားသုံးသူ ရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့၊ စည်ပင်သာယာစျေးကြီးအတွင်းရှိ စားသောက်ကုန် ပစ္စည်းအမျိုးမျိုးရောင်းချသည့် စျေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့်လုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ (၁၈.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၄) ရပ်ကွက်ရှိ Gold & Jewellery Online Business လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်းများကို လစဉ်စီမံချက်များပြည့်မီအောင် ဆောင်ရွက်လျက်ရှိရာ (၁၇.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံတို့သည် ရွှေဘိုမြို၊ အမှတ်(၁၀)ရပ်ကွက်၊ စက်မှုဇုန်ရှိ စိန်သီတာဆန်စက်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
