Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
19 Feb 2025

           ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ နတ်မော်ကျေးရွာအုပ်စုရှိ စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းသား/ကျောင်းသူ(၅၂)ဦးသည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နေ့လည်(၁၆:၀၀)နာရီအချိန်တွင် ခရိုင်စိုက်တိုးမြှင့်ဥက္ကဌ ဦးအောင်မြင့်စိုး၊  ခရိုင်စိုက်တိုး မြှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့် ဥက္ကဌ ဦးညွှန့်ဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတမြို

19 Feb 2025

           စားသုံးသူရေးရာဦးစီးဌာန၊အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ အငယ်တန်းစာရေးသည် (၁၄.၂.၂၀၂၅) ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ အားသာချက်/ အားနည်းချက်များအကြောင်း Talk Showအစီအစဉ်ကိုဆောင်ရွက်ခဲ့ပါသည်။

19 Feb 2025

          စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၄.၂.၂၀၂၅) နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့၊ သဲရိုးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တွင် ဆရာ၊ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ၂၀၀ ဦးအား လူငယ်အသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့ပါသည်။

19 Feb 2025

           စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူးသည်(၁၄.၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) အချိန်တွင် မြန်အောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ အွန်လိုင်းမှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်နှင့် အခွင့်အရေးများအကြောင်း အသိပညာပေး Talk Show အစီအစဉ်ကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။

19 Feb 2025

            စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၁၇.၂.၂၀၂၅)ရက်နေ့၊ နံနက် (၀၈:၃၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးလုပ်ငန်းအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ဟင်္သာတမြို့နယ်အတွင်းရှိ စားသုံးဆီ လက်လီ/ လက္ကား ရောင်းချလျက်ရှိသော စားသုံးဆီအရောင်းဆိုင်များအား ရှောင်တခင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို  ဆောင်ရွက်ခဲ့ပါသည်။

Pages