သတင်းနှင့် လှုပ်ရှားမှုများ
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံသည် စားသုံးသူကာကွယ် ရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်ရေးအတွက် (၁၇.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ချောက်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ရွှေပုံတောင်ရေသန့်ထုတ်လုပ်ရေးလုပ်ငန်းသို့ သွားရောက်၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် မြို့သန့်ရှင်းလှပစေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက် ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign အား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် အပတ်စဉ် တနင်္လာနေ့တိုင်းအား ပလတ်စတစ်မသုံးစွဲ ရေးနေ့ဟုသတ်မှတ်ပြီး ပလတ်စတစ်အိတ်အစား စက္ကူအိတ်များ၊ အင်ဖက်များ၊ ငှက်ပျောဖက်များ အစားထိုးသုံးစွဲစေရေး စည်ပင်သာယာရေးအဖွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရပ
မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းမှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များ မြို့နယ်အတွင်းရောင်းချ နေသော လုပ်ငန်း၊ နေရပ်လိပ်စာနှင့် ကုန်စည်များသည် မြေပြင်တွင် အမှန်တကယ်ကိုက်ညီမှုရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို (၁၄.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် မှတ်ပုံတင် ထားသည့် လုပ်ငန်းရှင်(၃)ဦးထံသို့ သွားရောက်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် စားသုံးသူအခွင့်အရေးများ သိရှိပြီး တောင်းဆိုတတ်စေရေးနှင့် ကုန်စည်၊ ဝန်ဆောင်မှုများ ဝယ်ယူရာတွင် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက ပြောရေးဆိုခွင့်၊ တိုင်ကြားခွင့်များ သိရှိစေရေးရည်ရွယ်၍ ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၅.၂.၂၀၂၅)ရက်နေ့၊ နံနက်(ဝ၉:၁၅)အချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၄၅)ရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ အောင်လံမြို့နယ်တာဝန်ခံသည် (၁၇.၂.၂၀၂၅) ရက်နေ့၊ နံနက်(၀၈း၃၀) နာရီအချိန်တွင် အောင်လံမြို့၊ စမ်းချောင်းရပ်ကွက်၊ လမ်းမတော်လမ်းရှိ ကုန်စုံဆိုင်များ၌ ရောင်းချလျက်ရှိသော အရန်သင့်အစားအစာနှင့် အသင့်စားမုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
