Main menu

(၁/၂၀၂၆)ကြိမ်မြောက် ပြည်နယ်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

Powered by Drupal

      ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် (၁/၂၀၂၆)ကြိမ်မြောက် ရှမ်းပြည်နယ်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်ဆန်းစပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့် ပြည်နယ်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်ဌာနဆိုင်ရာ များ၊ Virtual စနစ်ဖြင့် ခရိုင်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့များ Zoomဖြင့် တက်ရောက်ခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဆန်းစပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က အဖွင့်အမှာစာကားပြောကြားပြီး ပြည်နယ်ဆန်စပါး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့  အတွင်းရေးမှူး ဦးရွှေဖြူက အစည်းအဝေးသို့ တင်ပြသည့် အမှာစာများနှင့် ပြည်ပကုန်သွယ်ရေးလုပ်ငန်းများအတွက် ပြည်ပပို့ကုန်လိုင်စင်ဖြင့်သယ်ဆောင်ခွင့်ပြုထားသော စပါး၊ ဆန်နှင့် ဆန်ထွက်ပစ္စည်းများမှအပ ဒေသတစ်ခုမှ ဒေသတစ်ခုသို့ စပါး၊ ဆန်နှင့်ဆန်ထွက်ပစ္စည်း သယ်ဆောင်ခြင်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာ စံလုပ်ထုံးလုပ်နည်း SOP အတည် ပြုနိုင်‌ရေး အကြံပြုချက်အပေါ် လက်ရှိလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။

          ဆွေးနွေးတင်ပြချက်များအပေါ် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား အတည်ပြုမှတ်တမ်းတင်ခြင်း၊ အထွေထွေဆွေးနွေးအကြံပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးတွင် အမှာစာ (၉)စောင်၊ ဆုံးဖြတ်ချက် (၆)ချက် ချမှတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)