သတင်းနှင့် လှုပ်ရှားမှုများ
(၉-၁၀-၂၀၂၄)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမိုးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း ၍ ဓနုဖြူမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်များတွင်ရောင်းချနေသည့် ဦးစားပေးကုန်စည်ဖြစ်သော အသင့်စားခေါက်ဆွဲခြောက်ထုပ်များတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဌာန်းထားသည့် စားသုံးသူကာကွယ်ရေးကော်မရှင် အမိန့်ညွှန်ကြားချက် ၂/၂၀၁၉ သတ်မှတ်ချက်များအတိုင်း လိုက်နာဖော်ပြထားခြင်းရှိ/မရှိ၊ ကုန်ည

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၈.၁၀.၂၀၂၄) ရက်နေ့ နေ့လယ်ပိုင်းက Online Shop မှတ်ပုံတင်ပြီးလုပ်ငန်းများအား ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်ပြီးစီးမှူ အခြေအနေများကို မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ နတ်တလင်းမြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များအား အမေရိကန်နိုင်ငံ၊ စိုက်ပျိုးရေးဝန်ကြီးဌာနက လူထုကျန်းမာရေးဆိုင်ရာ သတိပေးချက်ထုတ်ပြန်ခဲ့သည့် “အဖွားလက်ရာ” အမှတ်တံဆိပ်ပါ အသားဟင်း၊ ငါးဟင်း စည်သွပ်ဘူးများတွင် ရိုက်နှိပ်ထားသော အညွှန်းဖော်ပြချက်များနှင့် စတစ်ကာကပ်၍ ဖော်ပြထားသည့် အညွှန်းဖော်ပြချက်များမှာ တူညီမှုမရှိဘဲ ကွဲလွဲမှ

(၁၀.၁၀.၂၀၂၄)ရက်နေ့က စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦဝင်းမင်းစိုး (ဦးစီးအရာရှိ)က ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးတွင် ဆီရောင်းချသူလုပ်ငန်းရှင်(၁၅)ဦးနှင့် တွေ့ဆုံ၍ စည်ပင်သာယာရေး ဈေးကော်မတီရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၁၀-၁၀-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် တောင်ငူမြို့ပေါ်ရှိ လက်လီ/ လက်ကားရောင်းချနေသောဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
