Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
29 Mar 2024

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်း သမင်ခြံကျေးရွာ၊ လွင်ကောင်းဟိဏ်းဟာလာဆန်စက်၏ ဆန်စပါးကြိတ်ခွဲထုတ်လုပ်လည်ပတ်နေမှုအခြေအနေအား ၂၀၂၄ခုနှစ်၊ မတ်လ(၂၀)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် သွားရောက်ကြည့်ရှုကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

29 Mar 2024

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ ဘိလပ်မြေအမျိုးအစားများဝယ်ယူသုံးစွဲရာတွင် ပစ္စည်းပြတ်လပ်မှုမရှိစေရန်နှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများမပြုလုပ်ရန်ရည်ရွယ်၍ ကုန်အမာဆိုင်ကြီးများသို့ ၂၀၂၄ခုနှစ်၊ မတ်လ(၂၂)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် လုပ်ငန်းရှင်ဆိုင်ရှင်များနှင့်သွားရောက်တွေ့ဆုံပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါ သည်။ 

29 Mar 2024

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်‌ကျေးရွာများတွင် လက်လီ/လက်ကားရောင်းချလျက်ရှိသော စားအုန်းဆီကိုယ်စားလှယ်ဆိုင်များ၊ ကုန်ခြောက်ဆိုင်များ၌ လက်လီဖြန့်ဖြူးရောင်းချနေသည့် စားအုန်းဆီဆိုင်များကို ညွှန်ကြားချက်နှင့်အညီ စားသုံးသူပြည်သူများ အလွယ်တကူရရှိနိုင်ရန် ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ ၂၀၂၄ခုနှစ်၊ မတ်လ(၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

29 Mar 2024

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တာဝန်ခံ ဦးသန်းနိုင်သည် ၂၀၂၄ခုနှစ်၊ မတ်လ(၂၁)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် တွံတေးမြို့နယ်၊ ကမာတကောကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာသူ/သားများအား ကျေးရွာစာကြည့်တိုက်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

29 Mar 2024

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတးမြို့နယ်တွင် ဆောင်းသီးနှံ၊ နွေစပါးစိုက်ပျိုးဖြစ်ထွန်းအောင်မြင်စွာစိုက်ပျိုးပြီးစီးမှုအခြေအနေအား ၂၀၂၄ခုနှစ်၊ မတ်လ(၂၃)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် တွံတေး-ဒလကားလမ်းမကြီး၏ ဘေးဝဲယာနှင့် လှိုင်သာယာ-တွံတေး ကားလမ်းမကြီး ဘေးဝဲယာရှိကျေးရွာများမှ နွေစပါးစိုက်ပျိုးလျက်ရှိသော  တောင်သူများစိုက်ပျိုးဖြစ်ထွန်းမှုအခြေအနေနှင့် စတင်ရိတ်သိမ်းခြွေလှေ့နိုင်မည့် အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

Pages