Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
25 Mar 2025

          စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ(ခ) အရ ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားဆိုင်ရာ ပြဋ္ဌာန်းချက်များသည် ဥပဒေပြဋ္ဌာန်းပြီး တစ်နှစ်ပြည့်မြောက်ပြီးသည့် နေ့ရက် ဖြစ်သော ၂၀၂၀ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် အာဏာတည်ပြီး ဖြစ်ပါသည်။ စားသုံးသူ ကာကွယ်ရေးဥပဒေ ပုဒ်မ ၄၃ အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ဖော်ပြရာ၌ သတ်မှတ်ချက်မျာ

25 Mar 2025

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်စပါးစိုက်ပျိုးသော်လည်း ဆန်စပါးထွက်ရှိမှု မလုံလောက်ခြင်းတို့ကြောင့် မြိတ်ခရိုင်ဆန်ကုန်သည်များအသင်းမှ မြိတ်ခရိုင်အတွက်လိုအပ် သောဆန်များကို အခြားတိုင်းနှင့်ပြည်နယ်များမှ သယ်ယူလျက်ရှိပြီး ၂၀၂၅ခုနှစ်၊ မတ်လ(၂၄)ရက် နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တို့မှ သယ်ယူလာသော ဆန်အိတ် ၉၀၀၀ (၄၅၀တန်)သည် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

25 Mar 2025

၂၀၂၅ခုနှစ်၊ မတ်လ(၂၄)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနအပါအဝင် မြိတ်ခရိုင်ကုန် စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြင့် မြိတ်မြို့ပေါ်ရှိ ဆန်နှင့်ဆီအရောင်း ဆိုင်များသို့သွားရောက် ၍ ဆန်နှင့်ဆီများအား သတ်မှတ်ရည်ညွှန်းစျေးနှုန်းများဖြင့်ရောင်းချမှုရှိစေရေး စျေးနှုန်းတည်ငြိမ် မှုရှိစေရေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

25 Mar 2025

စားအုန်းဆီများကို ရန်ကုန်တိုင်း‌ဒေသကြီးရှိ ဆီကုမ္ပဏီများမှ မြိတ်ခရိုင်အပါအဝင် အခြားတိုင်းနှင့်ပြည်နယ်များသို့  ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး သတ်မှတ်ရည်ညွှန်းစျေးနှင့် သတ်မှတ်ခွဲတမ်းများဖြင့် တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ခုနှစ်၊ မတ်လ(၂၄) ရက်နေ့တွင် MOA ကုမ္ပဏီမှ ဖြန့်ခွဲရောင်းချပေးသော စားအုန်းဆီပေပါ(၆၈)သည် ယာဉ် အမှတ်(5S-9017)ဖြင့် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါစားအုန်းဆီများ ကို ၂ ရာခိုင်နှုန်းအမြတ်ဖြင့် လက်လီဆိုင်များသို့ ခွဲဝေ‌ရေ

25 Mar 2025

၂၀၂၅ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့၊ နေ့လည် (၁၄း၀၀) အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ(၂) တွင် တနင်္သာရီတိုင်းဒေသကြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေး ရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

Pages