
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ(၆.၈.၂၀၂၆)ရက်၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် နမ့်စန်မြို့နယ်စည်ပင်သာယာရေးဌာနတို့ ပါဝင်သော ပူးပေါင်းအဖွဲ့ ဖြင့်နမ့်စန်မြို့အတွင်းရှိ ကုန်စုံဆိုင်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူး ရုံးမှ ဦးသန်းတိုး(ဦးစီးအရာရှိ)သည် နမ့်စန်မြို့ရှိ Ma San Store နှင့် ဘေဘီကုန်စုံဆိုင်တို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည် အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အချက်(၇)ချက်အနက် ကလေး အာဟာရဖြည့်စွက်စာ အမျိုးမျိုးတွင် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံ နည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြ ချက်၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ပြည့်စုံစွာ ဖော်ပြထားရှိ ကြောင်း ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ တို့ကိုလည်း ပြည့်စုံစွာဖော် ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်စုံဆိုင်ပိုင်ရှင်များကိုလည်း စီးပွားရေးလုပ်ငန်းရှင် အနေဖြင့် လိုက်နာရမည့်တာဝန်များ အကြောင်းကို လည်းအသိပညာပေးဆွေးနွေးခဲ့ပါသည်။
DOCA(ရှမ်း)
