သတင်းနှင့် လှုပ်ရှားမှုများ
၂၁.၁.၂၀၂၅ ရက်နေ့ နေ့လည်(၁၃:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီ မြို့နယ်ခွဲရုံးမှ ဝန်ထမ်း(၂)ဦးတို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မှော်ဘီ မြို့နယ်၊ မြို့မဈေးအတွင်းရှိ ရောင်းချနေသော ဆပ်ပြာမှုန့်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

၂၁.၁.၂၀၂၅ ရက်နေ့ နေ့လယ်(၁၃:၁၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ City Mart (ကျန်စစ်မင်း)တွင် အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

(၂၁.၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့သည် Online Sales မှတ်ပုံတင်ထားသော မင်္ဂလာဒုံမြို့နယ်ရှိ ကျောက်မျက်တို့ဆုံဆည်းရာနေရာ Online Sales လုပ်ငန်းသို့ မှတ်ပုံတင် လျှောက် ထားရာတွင် ဖော်ပြထားသောအချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ဥတိုကျေးရွာတွင် နွေစပါးအထွက်တိုးစေရေးအတွက် ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေစပါး(Seeder)ဖြင့် တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် (၂၀.၁.၂၀၂၅)နေ့တွင် လှုံဆော်ဆွေးနွေးခြင်း၊ ကွင်းလက်တွေ့စိုက်ပျိုးခြင်းကို နံနက်(၉:၀၀)နာရီအချိန် တောင်သူ ဦးထွန်းထွန်း လယ်မြေ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုက်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသူအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစိုးနိုင်တို့မှ နွေစပါးတိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးမည့်အခြေအနေ ရှင်း

၂၁.၁.၂၀၂၅ ရက်နေ့ နံနက်(၁၁:၅၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဦးစားပေးကုန်စည်(၁၀)မျိုးမှ ဈေးကွက်အတွင်း ရောင်းချနေသော အလှကုန်ပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြီးပြည့်စုံစွာဖော်ပြ ပါဝင်ခြင်း ရှိ/မရှိ သက်တမ်းလွန် အလှကုန်များ ဈေးကွက်အတွင်းရောင်းချမှု မရှိစေရေးကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
