သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၂၀ ရက်နေ့ နေ့လယ်ပိုင်းတွင် တောင်ငူမြို့နယ် ထန်းကုန်း-ချင်းကုန်း အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် အွန်လိုင်းရောင်းချမှုနှင့်စပ်လျဉ်း၍ ၂၂.၁.၂၀၂၅ နံနက်(၁၀:၀၀)အချိန်တွင် မှတ်ပုံတင်လျှောက်ထားသည့် အင်းစိန်မြို့နယ်ရှိ အမှတ်(၆၉၃)၊ ကန်ဦးကျောင်းလမ်း၊ အောင်ဆန်းရပ်ကွက်၊ ယာဉ်အမျိုး အမျိုးနှင့်ဆက်စပ်ပစ္စည်းများ ရောင်းချလျက်ရှိသည့် အော်တိုဘားမားကားပစ္စည်းအွန်လိုင်းလုပ်ငန်း အား မြေပြင်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

(၈.၁.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ လှည်းကူး မြို့နယ်ခွဲတာန်ခံ ဦးထွန်းထွန်းဦး၊ ဒုကြီးကြပ်ရေးမှူးသည် မြို့နယ်အတွင်းရှိ ဘိလပ်မြေ အရောင်းဆိုင်များသို့ ပြတ်လပ်မှုရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမျိုးအေး၊ ဦးစီးအရာရှိပါ ဝန်ထမ်း (၃)ဦးတို့သည် (၈.၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အင်းစိန်မြို့နယ် အတွင်းရှိ ဘိလပ်မြေလက်လီ/လက်ကားအရောင်းဆိုင်များသို့ ဘိလပ်မြေပြတ်လပ်မှုရှိ/မရှိနှင့် မြေပြင် လက်ကျန်အခြေအနေများ၊ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပါ သည်။

အိန္ဒိယနိုင်ငံမှ ပဲမျိုးစုံဝယ်လိုအားကောင်းပြီး ဈေးကွက်ရှိသော်လည်း ပြည်ပဝယ်လက် များ မိမိနိုင်ငံအတွင်း စိုက်ကွင်းထဲထိဆင်း၍ ဈေးနှိမ်ဝယ်ယူခြင်းများ မရှိစေရေး မူဘောင် အတွင်းမှ ထိန်းကျောင်းဆောင်ရွက်ရမည်ဖြစ်ရာ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မတ်ပဲဆောင်းသီးနှံများ စတင်ရိတ်သိမ်းလျက်ရှိသည့် အတွက် မတ်ပဲဆောင်းသီးနှံစတင်ရိတ်သိမ်းလျက်ရှိရာ ပြည်ပဝယ်လက်များ မရှိစေရေး စားသုံးသူ ရေးရာဦးစီးဌာနမှ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေး၊ ရုံးအုပ်သည် (၁၇.၁.
