သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်းရှိ စည်ပင်ဈေးများတွင် (၁၇.၁.၂၀၂၅) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမားရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ပဲပြားနှင့် မုန့်ဖက်များတွင် ဓာတုဆေးများပါဝင်မှုရှိ/ မရှိ ရှောင်တခင်ဝင်ရောက်စစ

(၁၇.၁.၂၀၂၅) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် ရေကြည်မြို့ရှိဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များတွင် ဘိလပ်မြေများဈေးကွက်တွင်းပြတ်လပ်ခြင်းရှိ/ မရှိ၊ ဈေးနှုန်းမြင့်တင်ရောင်းချခြင်းရှိ/ မရှိ၊ လက်ကျန်နှင့်ဈေးနှုန်းဈေးကွက်အခြေအနေများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန ကျိုက်လတ်မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၆)ရက်နေ့တွင် ပြန်ဆက်ရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးချစ်ကိုကိုသည် (၂၀.၁.၂၀၂၅) ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် သာယာ ဝတီခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ပြည်တွင်းဌာနခွဲတာဝန်ခံ၊ ရုံးဝန်ထမ်းများနှင့် အတူကွင်းဆင်း၍ မတ်ပဲစိုက်တောင်သူများနှင့် ပဲပွဲရုံလုပ်ငန်းများအားတွေ့ဆုံကာ ရေလိုက်ပဲစိုက်ပျိုးထားရှိမှု၊ သွင်းအားစုကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရရှိမှုအခြေအနေများ၊ ပဲပွဲရုံများမှ ဝယ်ယူနေမှု၊ သယ်ယူပို့ဆောင်ခဝန်ဆောင်မှုများအား ၎င်းအခြာ

စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် လက်ပံတန်းမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှု ဖြင့် (၂၀.၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့မဈေးအပြင်တန်းရှိဆေးနှင့် ဆေးပစ္စည်း ဆိုင်များဖြစ်သောဒီလှိုင်းစတိုး၊ ကိုဖိုးချိုဆေးဆိုင်များအား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်းရှိ/ မရှိ မြို့နယ်တာဝန်ခံဦးချစ်ကိုကိုနှင့်ဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခဲ့ပါသည်။ စားသုံးသူများ တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များသိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရ
