သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ကွန်ပျူတာအဆင့်မြင့်သင်တန်းအား (၂၃-၉-၂၀၂၄)ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားအား စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့်တကွ အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြပြီး အခမ်းအနားစတင်ချိန်တွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ

ဧရာဝတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၌ ၂၃.၉.၂၀၂၄ နေ့၊နံနက်ပိုင်းက သတ်မှတ်ရည်ညွှန်းစျေးဖြင့် ဆီရောင်းချရေးအတွက် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးပူးပေါင်းအဖွဲ့ဖြင့် လက်လီ လက်ကားဆီဆိုင် (၈)အား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

စီးပွာရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မအူပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် မြို့နယ် (၄) မြို့နယ် အတွင်း လုပ်ငန်းလျာထားချက်အလိုက် ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် ရုံးချုပ်မှ လမ်းညွှန်ထားသော ဦးစားပေး ကုန်စည်(၁၀)မျိုးအား လစဉ် ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် ဆောင်ရွက်နေရာ ပန်းတနော်မြို့ တွင်ရောင်းချနေသော စားသုံးဆီအမျိုးမျိုးကို ဈေးကွက်စောင့်ကြည့်စစ်ဆေးရန်အတွက် ၂၃.၉.၂၀၂၄ ရက် နံနက် (၁၀:၃၀) နာရီအချိန်
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုး (ဦးစီးအရာရှိ)နှင့် (အငယ်တန်းစာရေး) ဦးခိုင်လွမ်းမိုးတို့သည် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့တိူ့နှင့် ပူးပေါင်းပါဝင်လျက် ၂၃-၉-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်မှစ၍ ဓနုဖြူမြို့နယ် လက်လီဆန် အရောင်းဆိုင်တို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သဇင်ဦး ဒု-ဦးစီးမှူး သည် နေပြည်တော်ရုံးချုပ်မှ (၁၆.၉.၂၀၂၄ ရက်နေ့မှ ၂၀.၉.၂၀၂၄) ရက်နေ့ထိ ဦးဆောင်ကျင်းပသော စစ်ဆေးရေးအရာရှိများ လုပ်ငန်းစွမ်း ဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ (မွမ်းမံ) အမှတ်စဉ် (၁/၂၀၂၄) ဆွေးနွေးပွဲ သို့ တက်ရောက်ခဲ့သူ က မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအား ဆင့်ပွားရှင်းလင်း ဆွေးနွေးမှုကို ၂၄၊ ၉၊ ၂၀၂၄ ရက်နေ့ နေ့လယ်( ၁၃:၀၀)နာရီက ပြုလုပ်ခဲ့သည်။
