သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုး (အငယ်တန်းစာရေး)သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံး သူကာကွယ်ရေးအသိ ပညာပေး Talk Showကို ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၂၃ရက်နေ့ နေ့လယ် (၁၁:၃၀) နာရီအချိန်တွင် ဓနုဖြူလူထု အခြေပြု ဗဟိုဌာန Communit Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၉:၀၀ နာရီ အချိန်တွင် ကော့သောင်းမြို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များဖြစ်သော မြို့နယ်စီမံ အုပ်ချူပ်ရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ကော့သောင်းမြို့နယ်ရှိတရားမဝင်ကုန်ပစ္စည်းများဝင်ထွက်နေမှုရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၁၃ရက်နေ့၊နေ့လည်(၃:၀၀)နာရီတွင် ကော့သောင်းမြို့ပေါ်ရှိ ဆေးဆိုင်(၅) ဆိုင်အား ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့နှင့်ပူးပေါင်း၍ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချ နေသည့် ဆေးဝါးများ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ၊ တရားမဝင်ဆေးဝါးများ ရောင်းချနေခြင်း ရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချနေခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါ

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မြောင်းမြမြို့နယ်တွင် ခရိုင်ဦးစီးမှူးနှင့် ဆီကိုယ်စားလှယ်များသည် (၂၃.၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးဦးစီးမှူးနှင့် တော်ဝင်ဧကရာဇ်ကုမ္ပဏီမှတာဝန်ရှိသူများနှင့် Zoom Metting ဖြင့် စားအုန်ဆီသယ်ယူရေးကိစ္စ ညှိနှိုင်းအစည်းအဝေးပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မြောင်းမြမြို့နယ်တွင် ခရိုင်ဦးစီးမှူးံဦးဇော်လင်းအောင်နှင့်ဝန်ထမ်းများသည် (၂၃.၁.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်သင်တန်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
