Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
28 Jan 2025

 စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူး ပေါင်း၍ (၂၀.၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ကြံခင်းမြို့၊ ဗိုလ်ချူပ်လမ်း၊ ရွာသစ် ရပ်ကွက်ရှိ စတိုးဆိုင်များတွင် ရောင်းချသော အသင့်စား စားသောက်ကုန်စည်များအား ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

28 Jan 2025

          စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၂၀.၁.၂၀၂၅)ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင်  လေးမျက်နှာမြို့၊ အိုင်သပြုကျေးရွာရှိ “ကောင်းကင်ကြယ်”ပဲမျိုးစုံ ဝယ်ယူရေးလုပ်ငန်းသို့ ကွင်းဆင်းလေ့လာခြင်းကိုဆောင်ရွက်ခဲ့ပါသည်။ 

28 Jan 2025

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၂.၁.၂၀၂၅)ရက်နေ့ နေ့လည် (၁၄:၀၀) အချိန်တွင် မြန်အောင်မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဓါတ်မြေဩဇာ အရောင်းဆိုင်များသို့ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ၊ သဘာဝမြေဩဇာများ ထုတ်လုပ်နိုင်ခြင်း ရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

28 Jan 2025

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် မိုးစပါးစိုက်ဧက(၁၁၇၅၁၂)ဧက စိုက်ပျိုးပြီး၊သီးထပ်အဖြစ် မတ်ပဲ၊ပဲအမျိုးမျိုး၊အစေ့ထုတ်ပြောင်းနှင့် နွေစပါးတို့ကိုစိုက်ပျိုးကြ ပါသည်။ ၂၀၂၄  ခုနှစ်တွင် မြန်အောင်ခရိုင်၌ နွေစပါးစိုက်ဧက(၃၇၃၄၄)ဧက စိုက်ပျိုးပြီး၊ အင်္ဂပူမြို့နယ်တွင် (၂၆၂၀၃)ဧက စိုက်ပျိုးပါသည်။ အင်္ဂပူမြို့နယ်တွင် နွေစပါးကို ထိုင်းရက်(၉၀)၊ နယူးဧရာ(၁)၊ GW 11 စသော စပါးမျိုးများကို အဓိကစိုက်ပျိုးကြပါသည်။

28 Jan 2025

၂၂.၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်၊ ဦးစီးအရာရှိ ဒေါ်ခင်မြတ်ကျော်နှင့် ဝန်ထမ်းများသည် သံဖြူဇရပ်မြို့နယ်ရှိ “Future Light Mobile” Online Sale လုပ်ငန်းသို့ မှတ်ပုံတင် လျှောက်ထားရာတွင် ဖော်ပြထားသော အချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

Pages