သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးတို့နှင့်ပူးပေါင်း၍ (၈.၁.၂၀၂၅)ရက်နေ့ နေ့လည်(၁၃:၃၀)နာရီက ဝါးခယ်မမြို့နယ် မြို့မဈေးရှိအိမ်သုံးဆေးဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ဆေးဝါးပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမင်းဇော်နှင့် ဝန်ထမ်းတို့သည်ကျောင်းကျန်းမာရေးအဖွဲ့များနှင့်ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ဇန္နဝါရီလ (၈) ရက်နေ့ ၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဖျာပုံမြို့ အ.မ.က(၁၂)ကျောင်းရှိ ဆရာ/ဆရာမ၊ ကျောင်းသား/သူ များအား စားသုံးသူကာကွယ်ရေး အသိပညာ ပေးဟောပြောခဲ့ပါသည်။

ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်များမှ ထွက်ရှိသော ပေါ်ဆန်း၊ ဧည့်မထဆန်များအား တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် (မြိတ်မြို့)သို့ ရေလမ်းဖြင့် တင်ပို့လျက်ရှိပါသည်။ ဇန်နဝါရီ လ(၁)ရက်နေ့မှ (၉)ရက်နေ့အထိ (မြိတ်မြို)သို့ ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်မှ ဧည့်မထဆန်(၂၅၀၀)အိတ်၊ ပေါ်ဆန်းဆန်(၅၀၀)အိတ်၊ စုစုပေါင်း(၃၀၀၀)အိတ်၊ တင်ပို့ခဲ့ပြီးဖြစ်ပါသည်။ ထိုသို့တင်ပို့ရာတွင် မြန်မာနိုင

ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းမျာသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ ဇန္နဝါရီလ(၉)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ဖျာပုံမြို့တွင်းရှိဘိလပ်မြေ အရောင်းဆိုင်များသို့ ဈေးနှုန်းဈေးကွက်အခြေအနေနှင့် မြေပြင်လက်ကျန် အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ယခင်က လူသားများသည် ငွေကြေးများသတ်မှတ်သုံးစွဲမှု ပုံစံမရှိသေးသည့်အတွက် (၁၉)ရာစု လောက်မှစတင်၍ ကုန်စည်များကိုဖလှယ်၍သုံးစွဲသည့်စနစ်အား စတင်သုံးစွဲလာကြပါတယ်။ ယင်း နောက်ပိုင်းတွင် ငွေကြေးသုံးစွဲမှုများရှိလာသည့်အခါ ကုန်စည်များကို သတ်မှတ်ငွေကြေးများဖြင့် မျက်မြင် စိတ်ကြိုက်ရွေးချယ်ပြီး ဝယ်ယူလာကြပြန်ပါတယ်။ ယင်းကဲ့သို့သော အခြေအနေများ ထွန်းကားလာသည့် အလျှောက် ဈေးကြီးများ၊ Super Market များ နှင့် Shopping center များမှာလည်း ကမ္ဘာအနှံ့ခေတ်မီစွာ ပေါ်ထွက်လာခဲ့ပါတယ်။ သို့သော်ငြားလည်း ၂၀၁၉ ခ