Main menu

စက်သုံးဆီဆိုင် ဈေးကွက်စောင့်ကြည့် စစ်ဆေး

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်အနေဖြင့် ၂၄-၁၂- ၂၀၂၅  ရက်နေ့  နံနက် ၀၈၃၀ နာရီအချိန်တွင် မြို့နယ်ဦးစီးမှူး  ဦးအောင်လွင်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့သည် ညောင်တုန်းမြို့နယ် ရွှေဗျိုင်းဖြူ စက်သုံးဆီ အရောင်း ဆိုင်အား အထူးဈေး ကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

              ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဦးအောင်လွင်ဦးစီးအရာရှိက စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် ပုံမှန်ဆီရောင်းချရန် ဆီကားရောက်ရှိမှု အခြေအနေအခက်အခဲများရှိမရှိ၊ ရောင်းချသည့် ဆီဆိုင်လက်ကျန်အခြေအနေများ၊ နေ့စဉ် ဆီဈေးနှုန်း ဆိုင်းဘုတ်ဖြင့်ဖော်ပြရောင်းချခြင်း ရှိမရှိ၊ စက်သုံးဆီရောနှောရောင်းချခြင်း ရှိမရှိ ဆီနမူနာ ယူခြင်းများ၊စားသုံးသူများလွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်စေရန်အတွက် စက်သုံးဆီအရောင်းဆိုင်များကို ပုံမှန်ဖွင့်လှစ် ရောင်းချပေးရန်ပြောကြားခဲ့ပြီး စက်သုံးဆီရောက်ရှိမှု၊ အချိန်အတွယ်မှန်ကန်မှုရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိနှင့် စက်သုံးဆီလက်ကျန်တို့အား အထူးဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)