
စားသုံးသူပြည်သူများ ကျန်းမာရေး အိမ်သုံးဆေးများကို သုံးစွဲရာတွင် ထိခိုက်နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေး၊ စံမမီဆေးဝါးများ သုံးစွဲမှုမရှိ ဈေးကွက်အတွင်းပပျောက်စေရေး ဥပဒေပြဌာန်းချက်များနှင့်ကိုက်ညီမှုမရှိဘဲ ရောင်းချဖြန်ါဖြူးခြင်း မရှိစေရန် နှင့် နေ့စဉ်ဝယ်ယူအသုံးပြုသူ စားသုံးသူတို့အတွက် ဖြစ်သင့်ဖြစ်ထိုက်သော နှုန်းထားများဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးတို့အတွက် စားသုံးသူရေးရာဦးစီး ဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနှင့် ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာနတို့အနေဖြင့် ၂၄-၁၂-၂၀၂၅ရက်နေ့ နံနက် ၀၈၃၀ အချိန်က ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြသည်။
စစ်ဆေးဆောင်ရွက်ရာတွင် ကမ်းနာလမ်းရှိ ရိုဇီ ဆေးဆိုင်၊ မြမြဆေးဆိုင်၊ ကျားဗိုလ်ဆေးဆိုင် အား သက်ဆိုင်ရာဌာန ထောက်ခံချက် ပါဝင်သောဆေးဝါးများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်း များနှင့်ကိုက်ညီသော ဆေးဝါး များသာရောင်းချစေရေး သတ်မှတ်ချက်နှင့်ကိုက်ညီသော ဆေးဝါးများရောင်းချရာတွင် လက်ကားဈေး အပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်းပိုမိုသော အမြတ်တင်ရောင်းချမှုများမဖြစ်ပေါ်စေရေး၊ ဆေးဝါးလက်ကျန်အခြေအနေနှင့် ဆေးဝါးများပြတ်လပ်မှုမဖြစ်ပေါ်စေရေးနှင့်သက်တမ်းလွန်ဆေးဝါးများကို သက်တမ်းအတုများ ဖော်ပြ၍ လိမ်လည်လှည်းဖြား ရောင်းချခြင်းမပြုရနန် ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက်ခဲ့ပြီး ဆက်လက်၍လည်း အပတ်စဉ်တိုင်း ကွင်းဆင်းစိစစ်မှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
