သတင်းနှင့် လှုပ်ရှားမှုများ
ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၁၀) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရွာသာယာ အ.မ.က ကျောင်းတွင် ဆရာ/မ (၅)ဦး၊ ကျောင်းသား/သူ (၁၁၁) ဦး၊ စုစုပေါင်း (၁၁၆) ဦးတို့အား စားသုံးသူအသိပညာပေးဟောပြောပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ပဲခူးမြို့နယ်တာဝန်ခံတို့သည် (၁၁.၁၂.၂၀၂၄)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပဲခူးမြို့အတွင်းရှိ အခြေခံလူသုံးကုန်ပစ္စည်းနှင့် အိမ်သုံးဆေးဝါးများအား ပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

(၆.၁၂.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ညောင်တုန်းမြို့နယ် တာဝန်ခံရုံးမှ ဦးအောင်လွင် မြို့နယ်ဦးစီးမှူးသည် ညောင်တုန်းမြို့ အွန်လိုင်းရောင်းချသူလုပ်ငန်းရှင်(၁၀)ဦးအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး အစည်းအဝေးခန်မသို့ဖိတ်ကြား၍ အွန်းလိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျည်း၍ အသိပညာပေးဆွေးနွေး ဟောပြောခြင်းပြုလုပ်ခဲ့ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ (၅.၁၂.၂၀၂၄) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် ဓနုဖြူမြို့ပေါ်ရှိ ဆေးဆိုင် (၈)ဆိုင်တွင် ရောင်းချနေသောဆေးများအားဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ဆန်စျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ဆန်များပြတ်လပ်မှုရှိ/ မရှိကို ၅.၁၂.၂၀၂၄ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
