Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
03 Sep 2024

     စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်မြို့နယ်ဦးစီးမှူးသည်(၂၂.၈.၂၀၂၄)ရက်နေ့ နံနက်(၁၁:၃၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ တာခွကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်းရှိ  မုန့်ဈေးတန်းအား ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များနှင့်အတူ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

03 Sep 2024

   ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည်(၂၂.၈.၂၀၂၄) ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြန်အောင်မြို့နယ် မြို့မတဲကြီးကုန်းကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ/ ဆရာမများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

03 Sep 2024

    ၂၀၂၄ ခုနှစ် ၊ သြဂုတ်လ(၃၁)ရက်နေ့ ၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ထိန်းချုပ်ဓာတုစစ်ဆေးရေး အဖွဲ့များဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ရဲတပ်ဖွဲ့စု၊ မှုခင်းရဲတပ်ဖွဲ့စု၊ အကောက်ခွန်ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ပူးပေါင်းအဖွဲ့ဖြင့်  ထားဝယ်မြို့၊ ဝဲကျွန်းရပ်ရှိ စန္ဒာမင်း ဘက်ထရီရောင်းဝယ်ရေးဆိုင်သို့ သွားရောက်၍ ဘက်ထရီများတွင် ပြန်လည်ထည့်သွင်း အသုံးပြုသည့် အက်စစ်များအား သွားရောက်စစ်

03 Sep 2024

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးသည်(၂၁.၈.၂၀၂၄) ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဇလွန်မြို့၊ ဉယျာဉ်ကျေးရွာအုပ်စု၊ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

03 Sep 2024

    စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးသည် (၂၃.၈.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဇလွန်မြို့နယ်၊ လမ်းမတော်(မ)ရပ်ကွက်ရှိ၊ အုပ်ချုပ်ရေးမှူးရုံး၌ စားသောက်ကုန်နှင့် အလှကုန်ရောင်းချသော စတိုးဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြောခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

Pages