Main menu

 “သန်လျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရားလမ်းရှိ Orange SuperMarket အတွင်းရှိအသင့်စားမုန့် အမျိုးမျိုးတို့တွင်ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေး”

Powered by Drupal

                 ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့၊ အောင်ချမ်းသာရပ်ကွက် ကျိုက် ခေါက်ဘုရားလမ်းရှိ Aeon Orange SuperMarket အတွင်းရောင်းချလျက်ရှိသည့် အသင့်စားမုန့် အမျိုးမျိုးတို့တွင် စားသုံးသူများ ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင် ရန်အလို့ဌာ ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းရိုင်ဦးစီးမှူးရုံးမှ ဒေါ်ငြိမ်းငြိမ်းဝင်းနှင့်ဝန်ထမ်း များသည် ဒီဇင်ဘာလ(၁၁)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

         အဆိုပါ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် Aeon Orange SuperMarket မှ မန်နေဂျာနှင့်တွေ့ဆုံကာ အသင့်စားမုန့်အမျိုးမျိုးတို့တွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးပြီး ကုန် အညွှန်းအမှတ် အသားများအား ဖော်ပြရာတွင်လည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ သိသာထင်ရှားစွာ ဖော်ပြပြီးမှသာဈေးကွက်အတွင်းရောင်းချရမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များအား ရှင်းလင်းဆွေးနွေး အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)