သတင်းနှင့် လှုပ်ရှားမှုများ
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ရှိ စားအုန်းဆီလက်လီ/လက်ကား အရောင်းကိုယ်စားလှယ်ဆိုင်သို့ မတ်လ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်တွင် စားသုံးသူ ရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ စားအုန်းဆီကိုယ်စားလှယ် များအနေဖြင့် စားသုံးသူပြည်သူများထံသို့ လက်လီလက်ကားဖြန့်ဖြူး ရောင်းချနေမှု အခြေအနေ အား ရှောင်တခင်ကွင်းဆင်းစိစစ်ကြပ်မတ်စစ်ဆေးခဲ့ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်ရှိ စားအုန်းဆီလက်လီ/လက်ကား အရောင်းကိုယ်စားလှယ်ဆိုင်သို့ မတ်လ ၂၃ ရက်နေ့ နေ့လယ် ၁နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ စားအုန်းဆီ ကိုယ်စားလှယ် များအနေဖြင့် စားသုံးသူပြည်သူများထံသို့ လက်လီလက်ကားဖြန့်ဖြူး ရောင်းချနေမှု အခြေအနေ အား ရှောင်တခင်ကွင်းဆင်းစိစစ်ကြပ်မတ်စစ်ဆေးခဲ့ကြောင်းသိရသည်။

၂၀.၃.2025 (14:၀၀) အချိန်တွင် ဦးဝင်းနိုင်(ဦးစီးအရာရှိ)သည် ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ ဘိုကလေးဈေးစည်ပင်ရုံးတွင် ကစားစရာအရုပ်များရောင်းချသော (ဆိုင်ရှင်) ဈေးသူ/ဈေးသားများခေါ်ယူ၍ ကလေးကစားစရာအရုပ်များတွင် အမျိုးအမည်၊ ကြိုတင်သတိပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ စသည့်တို့ကို မဖြစ်မနေရေးသား ဖော်ပြရမှာဖြစ်ကြောင်းနှင့် ရေးသားဖော်ပြထားခြင်းမရှိသော အရုပ်များကို စစ်ဆေးတွေ့ရှိပါ ဥပဒေအရ အရေးယူခံရမှာဖြစ် ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းနိုင် (ဦးစီးအရာရှိ)နှင့်ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် မတ်လ (၂၁) ရက်နေ့တွင် ပုဇွန်တောင်မြို့နယ်၊ ရေကျော် City Mar ရှိ တာဝန် ခံနှင့်တွေ့ဆုံ၍ City Mark အတွင်း ရောင်းချလျှက်ရှိသော နို့နှင့်နို့ထွက်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားများမြန်မာဘာသာဖြင့် ပြည့်စုံစွာရေးသား ဖော်ပြထားခြင်း ရှိ/ မရှိ အား ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်း များသည် ၂၀၂၅ ခုနှစ် မတ်လ (၂၁) ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် မြောက်ဥက္ကလာပ မြို့နယ်၊ စိန်ဂေဟာ ရှိ တာဝန်ခံများနှင့် တွေ့ဆုံ၍ City Mark အတွင်း ရောင်းချလျှက်ရှိသော က လေးကစားစရာအရုပ်များတွင် ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့်ရေးသား ဖော်ပြ ထားခြင်း ရှိ/ မရှိ အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။
