သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၁၁.၁၁.၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ လယ်တော်ကျေးရွာ၊ အဝေးပြေးကားဝန်းအတွင်းရှိ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းရုံး၌ ကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား တွေ့ဆုံဆွေးနွေးခြင်းနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍(၁၁.၁၁.၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ မြို့မနေခြည်ဈေး၊ ဆန်နီချောင်နှင့်ထန်းသုံးပင်ကျေးရွာရှိ စားအုန်းဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

၁၃.၁၁.၂၀၂၄ ရက်နေ့ နေ့လယ်(၁၄:၃၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် အင်းစိန်မြို့နယ်၊ အင်းစိန်ဈေးသို့ အွန်လိုင်းစနစ်ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပြောကြားခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနရုံး၌ (၁၃-၁၁-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် အုတ်ဖိုမြို့နယ်ရှိ ဆီလုပ်ငန်းရှင်များ၊ ဆီကုန်သည်အသင်းသူ/အသင်းသားများနှင့်တွေ့ဆုံ၍ မြို့နယ်အတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချမှုအခြေအနေများအား ညှိနှိုင်းအစည်းအဝေးဆောင်ရွက်ခဲ့ပါ သည်။

၁၃.၁၁.၂၀၂၄ ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် လှည်းကူး၊ တိုက်ကြီး၊ မှော်ဘီမြို့နယ်များရှိ မြို့မဈေးအတွင်း (၁၀)ဂရမ်နှင့် အထက် အလှကုန်ပစ္စည်းအမျိုးမျိုးရောင်းချနေမှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
