သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများဦးဆောင်၍ “ခရိုင်ဆန်သိုလှောင်ဈေးနှုန်း မြှင့်တင်ရောင်းချမှုများ စိစစ်ရေးလုပ်ငန်းအဖွဲ့များ”နှင့် ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို စစ်ဆေးပြီး ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်လျက်ရာ (၁၈.၉.၂၀၂၄) ရက်နေ့တွင် မုံရွာမြို့နယ်အတွင်းရှိ “သိန်းထွန်း၊ ဦးရွှေ၊ ရွှေပြည်ဟိန်း၊ ” ဆန်အရောင်း ဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၂၂) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် မြန်အောင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ပရိက္ခရာလမ်းရှိ“ကြံခင်းမုန့်တိုက်” သို့ SMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်တာဝန်ခံသည် (၂၂-၁၀-၂၀၂၄) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် မြန်အောင်မြို့နယ် ကုန်တင်ယာဉ်အသင်းဥက္ကဋ္ဌ ဦးလှအောင်နှင့် တွေ့ဆုံ၍ ကုန်တင်ယာဉ်အသင်းမှ လက်ရှိလှုပ်ရှားဆောင်ရွက်နေမှုများအား မေးမြန်းဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၂၂-၁၀-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ မြို့မရပ်ကွက်ရှိ မြို့နယ်ထွေအုပ်ရုံး၊ အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်၊ ဒု-မြို့နယ်စီမံအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်(၂)၊ ဆန်စက်လုပ်ငန်းရှင်၊ ဆန်/စပါးကုန်သည်များနှင့်တွေ့ဆုံ၍ ဆန်/ စပါးကုန်သည်များအသင်းဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် ၂၀၂၄ခုနှစ် အောက်တိုဘာလ(၂၂)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် အိုင်သပြုကျေးရွာ၊ ကြာသပတေးပတ် ဆွမ်းလောင်းဓမ္မာရုံ၌၊ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။
