Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
25 Oct 2024

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ရှိ တာဝန်ရှိသူများသည် မြို့နယ် ပူးပေါင်းစစ်ဆေးရေးအဖွဲ့နှင့်အတူ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် ရုံးချုပ်မှ လမ်းညွှန်ထားသော ဦးစားပေး ကုန်စည် (၁၀)မျိုးအား လစဉ် ဈေးကွက်စောင့်ကြည့်စစ်ဆေးရန်  ဆောင်ရွက်နေရာ ပန်းတနော်မြို့တွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို ၂၁၊၁၀၊၂၀၂၄ ရက် နံနက် (၀၉:၃၀)  နာရီခွဲ အချိန်က ပန်းတနော်မြို့နယ် စားသုံးဆီရောင်းချသော ကုန်စုံဆိုင်များကို စျေးကွက်စောင့်ကြည့်စစ်ဆေးခ

25 Oct 2024

     ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ (စစ်ဆေးရေးအရာရှိ) ဒေါ်ခင်စန်းအေးနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁၅) ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနရုံး၌ လုပ်ငန်းရှင် (၉) ဦးအား Online Sales ကိစ္စရပ်များ အသိပညာပေးဟောပြောခဲ့ပါသည်။

25 Oct 2024

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ (စစ်ဆေးအရာရှိ) ဦးမင်းဇော်နှင့်ဝန်ထမ်းတို့သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁၅) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဖျာပုံမြို့၊ မြို့မဈေးကြီးအတွင်း ရောင်းချနေသော ကုန်မျိုးစုံဆိုင်များရှိ ခေါက်ဆွဲထုပ်၊ ကြာဇံထုပ်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

25 Oct 2024

     ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ(စစ်ဆေးရေးအရာရှိ)    ဦးမိုးမင်းသန်းနှင့်ဝန်ထမ်းတို့သည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊အောက်တိုဘာလ (၁၅) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီ အချိန်တွင် ကျိုက်လတ်မြို့နယ်ရှိ အချိုရည်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

25 Oct 2024

        တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် (၁၅.၁၀.၂၀၂၄) ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ကော့သောင်းမြို့ Bear အမှတ်တံဆိပ်ဖြင့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော သောက်ရေသန့်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

Pages