သတင်းနှင့် လှုပ်ရှားမှုများ
(၁၀-၁၀-၂၀၂၄)ရက်နေ့တွင် မြို့မဈေးအတွင်းရှိ လက်လီ/ လက်ကားရောင်းချနေသော စားအုန်းဆီဆိုင်များ၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေခြင်းရှိ/ မရှိ၊ စားသုံးသူပြည်သူများမြင်သာအောင် သတ်မှတ်ရည်ညွှန်းဈေးကို ဗီနိုင်းဖြင့် ချိတ်ဆွဲထားခြင်းရှိ/ မရှိကိုစစ်ဆေးပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိစေရေး၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချရန်၊ ထုတ်ပြန်ထားသည့်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများက

အင်းစိန်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ၁၀-၁၀-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၄:၃၀)နာရီအချိန်တွင် အင်းစိန်မြို့နယ်ရှိ အင်းစိန်ဈေးနှင့် လှိုင်သာယာမြို့နယ်ရှိ ပင်လုံဈေးများတွင် စားအုန်းဆီဖြန့်ဖြူးရောင်းချနေသောဆိုင်များအား သတ်မှတ်ဈေးနှုန်းများဖြင့် ရောင်းချနေခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

(၉-၁၀-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၆:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် စားအုန်းဆီကိုယ်စားလှယ်များထံတွင် ဆီလက်ကျန်ထားရှိမှုရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် လွိုင်လင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ (၁၀.၁၀.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် လွိုင်လင်မြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များသို့ သွားရောက်၍ ဆန်ရောင်းချဖြန့်ဖြူးနေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဦးတင်ဌေး (ရုံးအုပ်)နှင့်အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ လက်လီ/ လက်ကားရောင်းချနေသော ဆေးဆိုင်များ ဆေးနှင့်ဆေးဝါးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်းဆေးခဲ့ကြောင်း သိရှိရပါသည်။