သတင်းနှင့် လှုပ်ရှားမှုများ
၁၁-၁၀-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများသည် လှိုင်သာယာမြို့နယ်ရှိ ဆန်ဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၉.၁၀.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ပြည်တော်သာလမ်း ရှိ 21 MART တွင် ရောင်းချလျက်ရှိသော ကုန်စည်များတွင် စားသုံးရန်မသင့် တားမြစ်ထားသော ကုန်စည်များနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များ ပြည့်စုံစွာ ဖော်ပြပါဝင်ခြင်းမရှိသော ကုန်စည်များရောင်းချမှုရှိ/မရှိ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

၁၁-၁၀-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် လှည်းကူးမြို့နယ်ခွဲတာဝန်ခံ ဒေါ်မြင့်မြင့်စန်း၊ ဒု-ဦးစီးမှူးသည် မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များ၌ အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းသည် (၈.၁၀.၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ရန်ကင်းစျေး၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့များနှင့်ပူးပေါင်းပြီး စျေးကွက်အတွင်း တရားမဝင်ကုန်သွယ်မှု လမ်းကြောင်းမှ ဝင်ရောက်လာသော ပုဇွန်(၂)ကောင်အမှတ်တံဆိပ်စားအုန်းဆီများရောင်းချမှုရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
တိုက်ကြီးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ (၁၀-၁၀-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။
