Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
22 Oct 2024

မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြိတ်ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၁၁) ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် မြိတ်မြို့ပေါ်ရှိ အိမ်သုံးဆေးဝါးအရောင်းဆိုင်များသို့သွားရောက်၍ စျေးကွက်တွင်ဖြစ်ပေါ်နေသော အခြေအနေများနှင့် ဆေးပြတ်လပ်မှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

22 Oct 2024

မြိတ်ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်သော မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များသည် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် မြိတ်မြို့ပေါ်ရှိ ဆန်ဆိုင်နှင့် ဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

22 Oct 2024

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ စားသုံးသူရေးရာမြို့နယ် တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မြို့နယ်ကျန်းမာရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ တိုင်းကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်အရ နတ်တလင်းမြို့ပေါ်ရှိ ဆေးပစ္စည်းအရောင်းဆိုင်များနှင့် မြို့မဈေးအတွင်း ရောင်းချနေသော ကုန်မျိုးစုံဆိုင်များတွင် ဈေးကွက်အတွင်း စပ်ဆေးများ ရောင်းချနေမှုရှိ/မရှိ (၁၁.၁၀.၂၀၂၃) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

22 Oct 2024

စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် အောက်တိုဘာလ ၁၀ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ “Bo Bo” ကိတ်မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈) အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များသိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

22 Oct 2024

စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် လက်ပံတန်းမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၁၁.၁၀.၂၀၂၄) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့မဈေးအပြင်တန်းရှိ ကုန်စုံဆိုင် များအား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိကို မြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုနှင့် တာဝန်ရှိဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်အလက်များ သိရှိစေရန်၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိကို ဈေးကွက်စောင

Pages