သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ် တာဝန်ခံသည်(၁၁.၁၀.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ဇလွန်မြို့နယ်၊ ဗိုလ်ချုပ်လမ်း၊ညောင်ပင်ဈေးရပ်ကွက်၊ မြို့မဈေးရှိ ဈေးတာဝန်ခံရုံး၌ အလှကုန်ပစ္စည်းအရောင်းဆိုင် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင်းမရှိသော သောက်ရေသန့်အမျိုးမျိုး ရောင်းချနေမှုရှိ/ မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၁၄)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်အတူ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၁.၁၀.၂၀၂၄)နေ့ နေ့လယ် (၁၀:၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ (၃၂၀) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြို့မနေခြည်ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချသော အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

၂၀၁၆ခုနှစ်၊ ဧပြီလ ၁ရက်နေ့မှစ၍ စားသုံးသူရေးရာဦးစီးဌာနကိုစတင်ဖွင့်လှစ်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၄ခုနှစ်တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၉ခုနှစ်တွင် ပိုမိုပြည့်စုံသည့် စားသုံးသူကာကွယ်ရေးဥပဒေကိုပြဋ္ဌာန်းခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးဥပဒေကို စားသုံးသူရေးရာဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် ထဲထဲဝင်ဝင်သိရှိရန် စာတွေ့နှင့်လက်တွေ့ ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါသည်။
