Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 Oct 2024

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မအူပင်မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၄.၁၀.၂၀၂၄)နေ့တွင် မအူပင်မြို့နယ် လှေဆိပ်တာ ကောက်ရှိ ပြည့်ဖြိုးကြွယ် ဆန်စက်ပိုင်ရှင် ဦးကျော်မင်းစိုး၏ စပါးခွံလောင်စာတောင့်လုပ်ငန်းသို့ ကွင်းဆင်းလေ့လာခဲ့ပါသည်။

24 Oct 2024

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် လပွတ္တာမြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံး၌ (၁၄.၁၀.၂၀၂၄)ရက်နေ့ နံနက်(၁၁:၁၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်အတွင်းရှိ စက်သုံးဆီရောင်းချ နေသောဆိုင်ပိုင်ရှင်များအား ခေါ်ယူ၍စားသုံးသူအသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဟောပြောဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ လပွတ္တာမြို့နယ်အတွင်းရှိ လိုင်စင်ရစက်သုံးဆီ(၆)ဆိုင်၏ လုပ်ငန်းရှင်များအား စားသုံးသူရေး

23 Oct 2024

         ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ (စစ်ဆေးရေးအရာရှိ) ဦးသိန်းမောင်သည် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့မဈေးကြီးအတွင်း ကုန်မျိုးစုံရောင်းချနေသောဆိုင်များ၌ အသင့်ဖျော်လက်ဖက်ရည်ထုပ်နှင့် ကော်ဖီထုပ်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

23 Oct 2024

         ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ (စစ်ဆေးရေးအရာရှိ) ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၁၁) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့နယ်၊ ဆန်စက်အသင်းရုံး၌ လုပ်ငန်းရှင်များအား Online Sales ကိစ္စရပ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ပါသည်။

23 Oct 2024

         ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံ(စစ်ဆေးရေးအရာရှိ) ဒေါ်ခင်စန်းအေးနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၁၀) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဘိုကလေးမြို့၊ သစ်တိုချောင်းကျေးရွာရှိ “ကျော်စွာသိန်း” ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

Pages