Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 Oct 2024

စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၁၄.၁၀.၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ရွာသစ်ရပ်ရှိ သိပ္ပံလမ်းနှင့် ဘုရားကြီးလမ်းတွင် Online စနစ်ဖြင့်ရောင်းချ လျက်ရှိသော အဝတ်အထည်( Fashion Store )နှင့် သီးစုံဖျော်ရည်၊ အသင့်စားအစားအစာ ရောင်းချသောလုပ်ငန်းများသို့ အွန်လိုင်းမှတ်ပုံတင်ထားမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

24 Oct 2024

         တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၁၄)ရက်နေ့၊ နံနက် (၀၉း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်ကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ကျင်းပဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

24 Oct 2024

           (၁၁-၁၀-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၅း၃၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒု-တိုင်းဒေသကြီးဦးစီးမှူး ဦးထွန်ထွန်းနှင့်အဖွဲ့သည် မအူပင်ခရိုင်ဦးစီးမှူးရုံးသို့လာရောက်၍ မအူပင်မြို့နယ်အတွင်း Online Shop ရောင်းချသူလုပ်ငန်းရှင် (၁၈)ဦးနှင့်တွေ့ဆုံ၍ ကုန်စည်နှင့် ဝန်ဆောင်မှုများကို အွန်းလိုင်းရောင်းချမှုနှင့်စပ်လျဉ်း၍ မှတ်ပုံတင်ဆောင်ရွက်ပြီး လုပ်ကိုင်ဆောင်ရွက်နိုင်ရန်ကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအကြောင်း အသိပညာပေးရှင်းလင်းဟောပြောခဲ့ပါသည်။

24 Oct 2024

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် (၁၄.၁၀.၂၀၂၄)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍စားသုံးသူပြည်သူများအား အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

24 Oct 2024

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်ရှိ တာဝန်ခံ ဦးအောင်မိုးနှင့်ဝန်ထမ်းများသည် (၁၄.၁၀.၂၀၂၄)ရက်နေ့ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ် ရှိပုဂ္ဂလိကမော်တော်ယာဉ်များစနစ်တကျ ပြေးဆွဲကြီးကြပ်ရေးကော်မတီအသင်း ဥက္ကဌဦးသန်းအောင်နှင့် မော်တော်ယာဉ်ကြီးကြပ်ရေးကော်မတီရုံးတွင်တွေ့ဆုံကာ မော်တော်ယာဉ်များစနစ်တကျပြေးဆွဲနိုင်ရေးနှင့် ပတ်သက်၍ဆွေးနွေးခဲ့ပါသည်။

Pages