Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 Oct 2024

      စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့သည် မအူပင်ခရီးစဉ်တွင် (၁၂.၁၀.၂၀၂၄) ရက်နေ့ ၊နံနက် (၁၁:၃၀) အချိန်က ညောင်တုန်းမြို့နယ် ဆီရောင်းချသူ လုပ်ငန်းရှင် (၃၅)ဦးအား  ဆီထုတ်ကိုယ်စာလှဉ်များနှင့် တွေ့ဆုံ၍ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအကြောင်း အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

24 Oct 2024

         ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း စားသောက်ကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်အရ အောက်တိုဘာလ(၁၂)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် "အဖွားလက်ရာ" အမှတ်တံဆိပ်ပါ အသားဟင်း၊ ငါးဟင်း စည်သွပ်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားကွဲလွဲမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

24 Oct 2024

     ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊မအူပင်ခရိုင်၊ဆန်စပါးကုန်သည်များအသင်း ကော်မတီဝင်အဆင့်ဆင့်ကို (၁၃.၁၀.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀ ) အချိန်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်းပရာ ဌာနဆိုင်ရာ(၅)ဦး၊လုပ်ငန်းရှင် (၁၅) ဦးတက်ရောက်ခဲ့ပြီး  အသင်းအဖွဲ့စည်းမျဉ်း၊ အသင်းအဖွဲ့မှတ်တမ်းများနှင့်အညီ ခရိုင်ဆန်စပါး ကုန်သည်များအသင်းကို ရွေးချယ်ဖွဲ့စည်းခဲ့ပါသည်။

24 Oct 2024

        ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအနေဖြင့် စားသောက်ကုန်ပစ္စည်းအမျိုးမျိုးအား ဝယ်ယူစားသုံးရာ၌ အစားအစာဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးနှင့် စနစ်တကျဝယ်ယူစားသုံးတတ်စေရေန်ရည်ရွယ်ပြီး ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလတွင် ဦးစားပေးကုန်စည်များ၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးရမည့် အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးအားစစ်ဆေးရန် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင

24 Oct 2024

           စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည်   ၁၂-၁၀-၂၀၂၄ ရက်နေ့တွင် ပေါင်မြို့နယ်ရှိ အအေးခန်းစက်ရုံလုပ်ငန်းရှင် ဦးမောင်လှနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

Pages