သတင်းနှင့် လှုပ်ရှားမှုများ
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးရောင်းချနေမှုရှိ/ မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား အောက်တိုဘာလ(၁၁)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနများနှင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ဈေးကွက်အတွင်းရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချလျက်ရှိသောဈေးဆိုင်များသို့ အထက်အကြီးအကဲများ၏လမ်းညွှန်းမှုဖြင့် အောက်တိုဘာလ(၁၀)ရက်နေ့၊ နေ့လယ်(၁၂း၃၀)နာရီအချိန်တွင် စားအုန်းဆီဈေးနှုန်းမြင့်တက်နေသည့် ကိစ္စနှင့်စပ်လျဉ်း၍ စိစစ်တင်ပြရန်အတွက် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၄-၁၀-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ်၊ ချောင်းကလေးကျေးရွာရှိ တိုင်းချစ်ဝင်း ဆန်စက်သို့သွားရောက်၍ ကွင်းဆင်းလေ့လာစစ်ဆေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူး ပေါင်း၍(၁၁.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ မြို့မနေခြည်ဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ အထက်အကြီးအကဲများ၏လမ်းညွှန်မှုဖြင့် ပြည်လည်စိစစ်တင်ပြရန် ပြင်ပဈေးကွက်တွင် စားအုန်းဆီတစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်ပေါက်ဈေးရှိနေသည်ဆိုသည့် သတင်းအရ သုံးခွမြို့နယ်ဈေးကွက်အတွင်း အောက်တိုဘာလ(၁၀)ရက်နေ့၊ နေ့လယ်(၁၂း၀၀)နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
