Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
15 Nov 2023

    စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြို့နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၉-၁၁-၂၀၂၃) ရက်နေ့တွင် သထုံမြို့နယ်အတွင်းရှိ သောက်ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

15 Nov 2023

   စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး (Talk Show)ကို (၉-၁၁-၂၀၂၃) ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

15 Nov 2023

     မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် မြို့နယ်ပညာရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၉-၁၁-၂၀၂၃) ရက်နေ့တွင် အ.ထ.က(ခွဲ) ကျိုက်မရောကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။

15 Nov 2023

    မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို ဘက်ပေါင်းစုံမှ တွန်းအားပေးဆောင်ရွက်လျက်ရှိရာ (၉-၁၁-၂၀၂၃) ရက်နေ့တွင် MSMEs လုပ်ငန်းများလည်ပတ်ဆောင်ရွက်နေမှုအခြေအနေကို ပြည်နယ်ဝန်ကြီးချုပ်က ကွင်းဆင်းကြည့်ရှုခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် လိုက်ပါပူးပေါင်းဆောင်ရွက်ခဲ့သည်။

15 Nov 2023

     မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၈-၁၁-၂၀၂၃) ရက်နေ့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

Pages