Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 Oct 2024

      (၁၁.၁၀.၂၀၂၄) ရက်နေ့၊နေ့လယ်  (၁၅:၃၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိုင်းဒေသကြီး ဦးစီးမှူး ဦးထွန်ထွန်းနှင့် အဖွဲ့သည် မအူပင်ခရိုင်ဦးစီးမှူးရုံးသို့ လာရောက်၍ မအူပင်မြို့နယ်အတွင်း Online Shop ရောင်းချသူလုပ်ငန်းရှင် (၁၈)ဦးနှင့် တွေ့ဆုံ၍ ကုန်စည်နှင့် ဝန်ဆောင်မှုများကို အွန်လိုင်းရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်ဆောင်ရွက်ပြီး လုပ်ကိုင်ဆောင်ရွက်နိုင်ရန်ကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအကြောင်း အသိပညာပေး ရှင်းလင်းဟောပြောခဲ့ပါသည်။

24 Oct 2024

        ၁၂-၁၀-၂၀၂၄ ရက်နေ့၊ နံနက်(၁ဝး၀၀)နာရီချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် ပေါင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ စားသုံးသူရေးရာဦးစီးဌာနနှင့် မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းကျင်းပသော “မွန်ပြည်နယ်အတွင်း ဆန်စပါးဈေးနှုန်းတည်ငြိမ်စေရေးအတွက် စပါးပွဲစားများအား ဒေသတွင်းစပါးဝယ်ယူခွင့်လက်မှတ်များပြုလုပ်ပေးနိုင်ရေးကိစ္စနှင့်စပ်လျဉ်းသော တွေ့ဆုံဆွေးနွေးခြင်းအခမ်းအနား” သို့တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့

24 Oct 2024

         စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၁၁-၁၀-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ Talk Show အစီအစဉ်ဆောင်ရွက်ခဲ့ပါသည်။

24 Oct 2024

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်း များသည် ၁၁-၁၀-၂၀၂၄ ရက်နေ့၊နံနက် (၀၉:၃၀)အချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ မအူပင်မြို့၊ ၃လမ်းဈေး၊ (၉)လမ်းဈေးအတွင်း ရောင်းချနေသော ကုန်စုံဆိုင်များ သို့သွားရောက်၍ အသင့်စား ခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။

24 Oct 2024

    ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊မအူပင်ခရိုင်၊ပန်းတနော်မြို့နယ် ဆန်စပါးကုန်သည်များအသင်းကော်မတီဝင်အဆင့်ဆင့်ကို (၁၀.၁၀.၂၀၂၄) နေ့၊နေ့လယ် (၁၂:၃၀) အချိန်တွင် ပန်းတနော် မြို့နယ်တာဝန်ခံရုံးတွင် ကျင်းပရာ လုပ်ငန်းရှင် (၁၅) ဦးတက်ရောက်ခဲ့ပြီး  အသင်းအဖွဲ့စည်းမျဉ်း၊ အသင်းအဖွဲ့ မှတ်တမ်းများနှင့်အညီ မြို့နယ်ဆန်စပါး ကုန်သည်များအသင်းကို ရွေးချယ်ဖွဲ့စည်းခဲ့ပါသည်။

Pages