သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ (စစ်ဆေးရေးအရာရှိ) ဦးမင်းဇော်နှင့် ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် (၁၂) ရပ်ကွက် ဖျာပုံမြို့ (၁၅)ရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူ (၆၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးစိုးမင်းထိုက်၊ မြို့နယ်တာဝန်ခံ (စစ်ဆေးရေးအရာရှိ) ဦးမင်းဇော်နှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဖျာပုံမြို့၊ မြို့မဈေးကြီး အတွင်း ကုန်မျိုးစုံဆိုင်များရှိ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးတွင် ပြည့်စုံမှန်ကန်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ မကွေးမြို့နယ်တာဝန်ခံသည် (၁၄.၁၀.၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မကွေးမြို့၊ မင်္ဂလာစျေးရှိ စားသုံးသူများအား Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် (၁၁.၁၀.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် တောင်တွင်းကြီးမြို့၊ အုန်းတော(၂)ရပ်ကွက်၊ မင်းကွန်းဘုန်းကြီးကျောင်းဝန်းတွင် ဆန်ကုန်သည်အသင်းနှင့် ဆန်စက်လုပ်ငန်းရှင်တို့ပူးပေါင်း၍ သက်သာသောစျေးနှုန်းဖြင့် အိမ်ထောင်စု တစ်စုလျှင် ဆန်(၂)ပြည်နှုန်း၊ ဧည့်မထ (၁)ပြည်လျှင် ကျပ်(၃၂၀၀)ဖြင့် အိမ်ထောင်စု (၂၅၀)စုအတွက် ဆန်အိတ် (၂၀)အိတ်အား ရောင်းချပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ အဖွဲ့ဝင်(၁)၊ အဖွဲ့ဝင်(၂)၊ ဆန်စက်လုပ်ငန

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထမ်းများသည် (၁၀.၁၀.၂၀၂၄)ရက်နေ့ ၊ညနေ(၁၅:၃၀)နာရီအချိန်တွင် အိမ်မဲမြို့ ပိတောက်ရွှေဝါလမ်း၊ချောင်းဝရပ်ကွက်တွင် Online Sale ရောင်းချနေသော ဆိုင်ရှင်ဦးသန့်ဇော်ဦး၏ (သင်းရနံ့)ဆိုင်အား Online ရောင်းချနေမှုနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။