
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တာဝန်ခံရုံးမှ ဒေါ်ချိုမီဇင်သည် (၂၅.၁၁၂၀၂၅) ရက်နေ့ နေ့လယ်ပိုင်းက ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သည့် စာဖတ်ရှိန်မြင့်မားရေးနှင့် လူငယ်အသိပညာပေးပွဲသို့ တက်ရောက်လာသော ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။
ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံရုံးမှ ဒေါ်ချိုမီဇင်က စားသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် စားသုံးသူကာကွယ် ရေးလုပ်ငန်းစဉ်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်တာဝန်များ၊ ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများကို ဟောပြောခဲ့ပြီး တိုင်ကြားလိုရသည့် နည်းလမ်း၇မျိုးအကြောင်းကိုအကျယ်တဝင့်ရှင်လင်း ဟောပြောခဲ့သည်။ စားသုံးသူရေးရာဦးစီးဌာနနှင့်ပတ်သက်သော သတင်းအချက်အလက်များကို အလွယ်တကူ မေးမြန်းစုံစမ်းနိုင်ရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုကြုံရပါက ဌာနသို့ အလွယ်တကူဆက်သွယ်တိုင်ကြားနိုင်ရန် အလွယ်တကူ စုံစမ်းနိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် Consumer Call Center ဝန်ဆောင်မှုကို ဆောင်ရွက်ပေးလျက်ရှိရာ Consumer Call Center နံပါတ် ၁၅၃၅ သို့ Telenor ၊ Mytel နှင့် Ooredoo User များအပြင် MPT Sim Card User များလည်း ခေါ်ဆိုနိုင်ပြီဖြစ်ပါကြောင်းကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။
ဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်း အမှတ်-၁ မှ ကျောင်းသားကျောင်းသူ ၂၅ ဦးတက်ရောက်ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
